Unicode

အပိုင်း – ၂၇ ။ မှတ်မိတော့ရော… ဘာလုပ်နိုင်ကြမှာမို့လဲ

“One! ငါ့လက်ကို လွှတ်!”

အပြင်သို့ရောက်ချိန်တွင် Miles သည် သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင် ထားသည့် One လက်မှလွတ်အောင်ဆောင့်ရုန်းတော့၏။ ရုန်းလေလက်ကိုတင်း ကြပ်စွာ ဆုပ်ကိုင်ထားမှုက ပို၍အားပါလာလေပြီ။ အဆုံးတွင်တော့…

“ငါ့လက်နာနေပြီ…”

ငိုတော့မည့်အသံမျိုးဖြင့် သူ ပြောလိုက်တော့မှပဲ လက်ကိုဆုပ်ကိုင်ထား ခြင်းမှာ ပြေလျော့သွားတော့၏။ One က သူ့လက်ကိုလွှတ်ပေးလိုက်သည်နှင့် Miles ကိုယ့်လက်ကိုယ် ပြန်ကြည့်လိုက်မိသည်။ လက်ကောက်ဝတ်တွင်ထင်နေ သည့် လက်ချောင်းရာတို့ကိုကြည့်လျှင် One က သူ့ကိုဘယ်လောက်ထိ အားဖြင့် တင်းတင်းဆုပ်ကိုင်ထားမှန်း သိသာနေသည်။

“ဆောရီး Miles ငါ…”

သူ့လက်ကောက်ဝတ်ကိုကြည့်ပြီး One က မချင့်မရဲဖြင့်ဆိုလိုက်၏။ ထို့ နောက် လက်ကိုအသာလှမ်းပြီးနောက် လမ်းတစ်ဝက်တွင် လက်ကိုပြန်ရုတ်ကာ

“ငါတောင်းပန်ပါတယ်…”

ခေါင်းငုံ့တောင်းပန်သည့် One ကို Miles ကြည့်လိုက်၏။ သူ့ကို One က ဘာကြောင့်ဆွဲခေါ်လာသလဲဆိုသည်ကို Miles မရိပ်မိဘဲ မနေပါပေ။ သူတောင် ရိပ်မိလျှင် အားလုံးမှာလည်း ရိပ်မိလောက်သည်။ Joy ၏ ပကတိတည်ငြိမ်နေ သည့် မျက်နှာလေးကို ပြန်မြင်ယောင်မိချိန်တွင် Miles စိတ်ထဲပို၍ မွန်းကြပ်လာ ၏။

ဘာလို့… အားလုံးက ဒီလောက်ကြီး ရှုပ်ထွေးနေရတာလဲ…။

One ကို သူ သေချာစိုက်ကြည့်၏။ သူက One ကို ချစ်နေသလို One က လည်း သူ့အပေါ်ခံစားချက်ရှိသည်က အသေအချာပင်။ သို့သော် ထိုခံစားချက်တို့ က သူရှိနေသည့် ခံစားချက်များလောက်ရောက် လေးနက်ပါရဲ့လား။

မသေချာ…။

သူ့အပေါ်ခံစားချက်ရှိတတ်ပြီး အချိန်တစ်ခုတွင် မရေရာခြင်းတို့ကြောင့် ထွက်သွားကြသည့် သူတို့ကို ပြန်သတိရမိပြီး Miles နှုတ်ခမ်းများကို တင်းတင်း စေ့လိုက်မိ၏။

မဖြစ်ချင်ဘူး…။ ဒီလိုမျိုးတွေ ထပ်ပြီးတော့ မကြုံတွေ့ချင်တော့ဘူး…။

“ငါသွားတော့မယ်…”

မကြုံတွေ့ချင်လျှင် သူ လုပ်နိုင်သည်က တစ်ခုတည်းပါပေ။

“Miles! မင်း… အဲဒီကောင်ဆီကို သွားဦးမလို့လား…”

နောက်လှည့်လိုက်သည့် သူ့ကို One က ပြန်ဆွဲလိုက်၏။ နာကျင်မှုဖြင့် မျက်နှာကို သူ ရှုံ့လိုက်မိချိန်တွင် One သည် စိတ်ပူစွာနှင့် လက်ကိုပြန်လွှတ်ပေး လိုက်လေသည်။

“ဟုတ်တယ်… ငါတို့သင့်တော်၏ မသင့်တော်၏ စမ်းကြည့်မလို့”

“မသွားရဘူး Miles… သူနဲ့မင်းက သင့်တော်စရာအကြောင်းလဲမရှိဘူး”

“မင်းက ဘာမို့လို့ ငါ့ကိုလာတားမြစ်နေရတာလဲ”

“ငါကဘာလို့ မင်းကိုတားမြစ်ခွင့်မရှိရမှာလဲ… ငါတို့တွေ…”

စကားမဆက်နိုင်တော့ဘဲရပ်သွားသည့် One ကို Miles စေ့စေ့ကြည့်၏။ One ပြောနေသည်များက အဓိပ္ပာယ်မရှိဟု သူခံစားလာရသည်။

တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ရှိနေကြတာနဲ့ပဲ ဒီလိုတွေ ချုပ်ချယ်လို့ရနေရောလား။ ကိုယ်တိုင်ကဖြင့် ရပ်မြဲရပ်ဆဲ ဖြစ်နေပြီးတော့လေ။ အရှေ့ကိုတစ်လှမ်းတောင် မတိုးရဲဘဲနဲ့ ဘာတွေလာပြောချင်နေရတာလဲ။

ပြီးခဲ့သည့်ရက်များအတွင်း စိတ်မွန်းကြပ်နေရခြင်းတို့ပါ စုပေါင်းပြီး သူ ဒေါသထွက်လာတော့သည်။ One ကို စူးစူးရဲရဲ ကြည့်ပြီး Miles မေးလိုက်တော့ ၏။

“ငါတို့တွေ ဘာဖြစ်လဲ… ဆက်ပြောလေ”

One က ပြန်မပြောဘဲ သူ့ကိုသာ ကြည့်နေသဖြင့် Miles ဟက်ခနဲသာ ရယ်လိုက်တော့၏။

“ငါသွားတော့မယ်…”

“မင်း! ငါတို့က ဘာမှမဟုတ်တော့ဘူးလား! အဲဒီညက ငါတို့တွေ ပြောခဲ့ ကြတာတွေကလေ… ဒီအတိုင်းပဲ မင်းမေ့ပစ်လိုက်တော့မှာလား”

“ငါတို့တွေ…”

“တကယ်ပဲ မင်းမေ့နေပြီလား… ငါတို့တွေ အဲဒီညက ကမ်းခြေမှာဘာ တွေပြောခဲ့တယ်ဆိုတာ မင်းဘာမှ မမှတ်မိတော့ဘူးလား… ဒါမှမဟုတ် မမှတ်မိ ချင်တော့တာလား”

Miles မျက်ခုံးတို့ တွန့်ချိုးပြီး One ကိုကြည့်၏။ ဖူးခက်နောက်ဆုံးည တွင် သူနှင့်One အကြားတစ်ခုခုရှိခဲ့သည်ဟု အမြဲတမ်း သူ ထင်နေမိသည်။ ဘာ များဖြစ်ခဲ့ကြသလဲဆိုသည်ကို ပြန်တွေးဖို့အတွက် သူ့တွင်အချိန်မရှိခဲ့။ သူတို့ပြန် ရောက်ကတည်းက Joy က အမြဲတမ်း One အနားကပ်နေပြီး သူ့ကိုအဆက်မ ပြတ် ထိုးနှက်နေခဲ့သည်မို့ ထိုအကြောင်းကို ပြန်တွေးဖို့ သူ မစဉ်းစားနိုင်ခဲ့။ ယခု One က ထိုညအကြောင်းကို ပြောလာချေပြီ။

“တကယ်ပဲ… မင်း ပြန်မစဉ်းစားချင်တော့တာလား”

One ၏ မျက်လုံးများထဲရှိ နာကျင်ခြင်းတို့ကို မြင်ရချိန်တွင် မေ့လျော့ခဲ့ သည့် မှတ်ဉာဏ်တို့ကို သူ ကြိုးစားပြန်ခေါ်လိုက်ရ၏။ ထိုတစ်ညတာမှတ်ဉာဏ် တို့မှာ ဤအခါမှသာ သူ့ထံသို့ အလုံးအရင်းနှင့် ပြန်ဝင်ရောက်လာတော့သည်။

သူတို့ပြောခဲ့ကြသည့်စကားများ၊တစ်ယောက်နှင့်တစ်ယောက်ဖွင့်ဟဝန် ခံခဲ့ခြင်းများ။ မှတ်ဉာဏ်တို့သည်သူ့ထံသို့ပြန်ဝင်ရောက်လာတော့၏။ အရှေ့တွင် ရှိနေသည့် One ကို Miles ရှုပ်ထွေးသော မျက်ဝန်းတို့နှင့်သာ ကြည့်လိုက်မိတော့ သည်။ ထိန်းချုပ်မရတော့အောင် အရာအားလုံးသည် လွန်ကျွံနေခဲ့ပြီ။

“Miles…”

One က သူ့အမည်ကို ခပ်တိုးတိုးခေါ်လေ၏။ အရှေ့သို့ ခြေလှမ်းလိုက် သည့် One ကြောင့် Miles အနောက်ကို တစ်လှမ်းပြန်ဆုတ်လိုက်သည်။

“Miles…”

အနောက်သို့ဆုတ်လိုက်သည့် သူ့ကိုကြည့်ပြီး One ကသူ့အမည်ကိုထပ် ခေါ်လိုက်၏။

“အဲဒီနားက ဆက်ပြီးရှေ့မတိုးလာနဲ့… အဲဒီနားမှာပဲရပ်နေ… ဒီအတိုင်း ငါတို့စကားပြောလို့ရတယ်…”

ခြေစုံရပ်ကာ သူတို့တစ်ယောက်နှင့်တစ်ယောက် ကြည့်နေလိုက်ကြ၏။ တစ်ချက်ချက်တွင် ဖြတ်သွားသော ကားတို့မှာ လမ်းဘေးတစ်နေရာတွင် စကား ဆိုနေသူ ကောင်လေးနှစ်ဦးကို ကျော်ဖြတ်သွားကြသည်။

အချိန်တအောင့်ကြာတော့မှ Miles သည် အသက်ကိုပြင်းပြင်းရှူလိုက် ပြီး One ကို သေချာစိုက်ကြည့်ကာ…

“ငါပြန်မှတ်မိတော့ရော… ဘာဆက်လုပ်လို့ရလို့လဲ”

One ၏ တွန့်ဆုတ်နေမှုကို သူ မမြင်သည်မှ မဟုတ်ဘဲ။ Joy နှင့် အဆုံး သတ်ဖို့အတွက် One ကိုယ်တိုင် နည်းလမ်းရှာမရသေးသည်ကို သူ မြင်နေသား ပါပဲ။

“ဒါကမင်းအတွက် တခဏစိတ်ကစားတာလဲ ဖြစ်နိုင်တာပဲ… ဒီအတိုင်း ရင်ခုန်သံ အသစ်အဆန်းတစ်ခုကို မင်းကြုံကြိုက်နေတာလဲ ဖြစ်နိုင်တာပဲလေ… နောက်ကျတော့ ရှေ့တိုးရခက်ခဲလို့ဆိုပြီး မင်းလဲ အနောက်ကို ပြန်ဆုတ်သွားမှာ ပဲ မဟုတ်ဘူးလား…”

ခံစားခဲ့ရသည့် စိတ်ဒဏ်ရာတို့မှာ များပြားနေခဲ့ပြီ။ ဆက်ဆံရေးတစ်ခု အဆုံးသတ်တိုင်း အခြားသူငယ်ချင်းများ စိတ်မပူအောင်ဖို့ရာအတွက် နောက် ဆက်ဆံရေးကို ခပ်မြန်မြန်စခဲ့သော်လည်း အဆုံးတွင် ထိုဆက်ဆံရေးထဲ ယစ်မူး ခဲ့သူမှာ သူ သာလျှင်ဖြစ်သည်။ သူစိမ်းတစ်ယောက်နှင့် အဆုံးသတ်ရခြင်းက သူ့ အတွက် ပြဿနာမဟုတ်သော်လည်း One က သူ့သူငယ်ချင်းဖြစ်သည်။

ဟိုအရင် ဆက်ဆံရေးများလို အဆုံးသတ်ခဲ့ပါက သူတို့နှစ်ယောက်ကြား ရှိခဲ့သော အမှတ်တရတို့ကိုပါ သူ ဆုံးရှုံးရလိမ့်မည်။ တခဏတာ ပျော်ရွှင်မှုလေး အတွက် သူ အရာအားလုံးကို မဆုံးရှုံးချင်။

“Miles…”

“မင်းကိုယ်တိုင်ရော… ဆုံးဖြတ်ချက်ချနိုင်လို့လား…”

“မင်းသာ ငါ့ကိုယုံရင်…”

“Joy ကို မင်းဘယ်လိုလုပ်မှာလဲ… သူက ပြစ်ချက်တွေရှိနေလို့လား… နောက်ပြီး သူနဲ့မင်းရဲ့ဆက်ဆံရေးက ရပ်သွားပြီဆိုရင်တောင်မှ ငါတို့ရဲ့ဆက်ဆံ ရေးကရော တည်မြဲမှာမို့လို့လား… အဆုံးထိ မင်းကငါ့လက်ကိုတွဲနိုင်မှာမို့လား၊ လမ်းခုလတ်မှ လက်တွဲဖြုတ်မချပါဘူးလို့ ကမ္ဘာကိုတိုင်တည်ပြီးသစ္စာပြုရဲလို့ လား…”

One ကို Miles စကားပြောခွင့်မပေးဘဲ ဆက်မေး၏။

“ငါတို့ဆက်ဆံရေးက အကြောင်းတစ်ခုခုကြောင့် ပြတ်သွားခဲ့ရင်ရော နှစ်အကြာကြီးခင်ခဲ့တဲ့ သူငယ်ချင်းတွေကရော… Ryan, Emmy, Loey, Zoey… အားလုံး ဘာဆက်ဖြစ်ကြမှာလဲ…”

ပြောရင်းနှင့် Miles ငိုချင်လာတော့၏။

“ဒါတွေအားလုံးကို မင်းဘယ်လိုလုပ်မယ်စဉ်းစားထားလဲ…”

မင်း အတွေးလွန်နေတာပါဟု ပြောဖို့ကလည်း Miles ပြောသည့်ထဲတွင် အမှားမပါနေ။ ထိုသည်က သူတို့ကြုံတွေ့ရမည့် အရာများဖြစ်သည်။ သူက တိုင် တည်ရဲပါသည်ဟု ပြောသည့်တိုင် ဒဏ်ရာတို့ပြည့်နှက်နေသည့် နှလုံးသားငယ် မှာ သူ့ကိုယုံကြည်ရဲလိမ့်မည်မဟုတ်ပါပေ။

“ဆက်ဆံရေးဆုံးဖို့အတွက် မပြောပါနဲ့ဦး ငါတို့ဆက်ဆံရေးစဖို့အတွက် မင်းဘယ်လိုလုပ်နိုင်လို့လဲ… မင်းဘာသာ ဘယ်လိုပဲပြောပြော မင်းနဲ့Joy ကြား ကို ဝင်တဲ့သူက ငါပဲမဟုတ်လား… တခြားသူတွေနဲ့ Joy ကြားမှာ ဘယ်လိုမျိုး အနေခက်ကုန်ကြမလဲ…”

သူ့ကိုမေးခွန်းတို့မေးနေသည့် Miles ကို အရှေ့တိုးပြီး ထွေးဖက်လိုက် ချင်သော်လည်း အက်ကြောင်းရာတို့ဖြစ်နေသည့် နှလုံးသားလေးမှာ သူ့ကြောင့် ကျိုးကြေလွင့်ပျောက်မည်ကို One စိုးရိမ်နေမိသည်။ ဘယ်သောအခါမှ ယခုလို မျိုးတွန့်ဆုတ်ခြင်း မရှိခဲ့သည့်သူမှာ Miles တစ်ခုခုဖြစ်မည်ကိုစိုးကာ ကြောက်ရွံ့ တတ်နေခဲ့ပြီ။

သူကိုယ်တိုင်ဟာလည်း Miles အပေါ်မှာ လေးနက်နေခဲ့ပါလား…။

“Miles…”

Miles ကို သူ တိုးငြင်းစွာခေါ်လိုက်၏။ သူ့ကို ကြည့်လာသည့် မျက်ဝန်း လေးများထဲတွင် စိုးရွံ့ကြောက်လန့်ခြင်းသာ ရှိနေခဲ့သည်။

“အခုချိန်မှာ ငါပြောလဲ ငါ့ကိုမင်းယုံနိုင်မှာ မဟုတ်ဘူး…”

Miles က သူ့ကိုစူးစမ်းသလို ကြည့်၏။

“ဖြည်းဖြည်းချင်း… ငါဖြည်းဖြည်းချင်း ကြိုးစားသွားပါ့မယ်… မင်းစိုး ရိမ်နေရသမျှက ဖြစ်လာမှာ မဟုတ်ပါဘူး”

မင်းကဘာလုပ်နိုင်လို့လဲဟု Miles ခွန်းတုံ့ပြန်မေးလိုက်ချင်သော်လည်း သူ့စိတ်မှာ ပင်ပန်းလွန်းနေပြီမို့ ကျောသာခိုင်းလိုက်တော့၏။ ကလပ်ဘက်သို့ ပြန်သွားမည့် အချိန်တွင် One စကားသံက သူ့အနောက်မှ ကပ်ငြိပါလာခဲ့သည်။

“ဒါကြောင့် Two ကို လက်မခံသေးလို့ရမလား… အဆုံးထိ ငါ့ကြိုးစားမှု ကို မင်း လက်မခံနိုင်ဘူးဆိုရင် Two ကို လက်ခံလဲ နောက်မကျသေးပါဘူး…. မဟုတ်လား”

ကျောခိုင်းထွက်သူ၏ ခြေလှမ်းတို့မှာ တစ်ချက်သာ တုံ့ဆိုင်းသွားခဲ့ပြီး နောက်ပြန်လှည့်ခြင်း မရှိခဲ့။ ကျန်ရစ်သူမှာတော့ ကျောပြင်ငယ်ကိုသာ ငေးစိုက် ကြည့်ပြီး နေရစ်လေခဲ့သည်။

ကလပ်ထဲတွင်တော့…

“Joy…”

Emmy က ငြိမ်ငြိမ်လေးထိုင်ပြီး ကော့တေးတစ်ခွက်ပြီးတစ်ခွက်မှာ သောက်နေသည့် Joy ကို ခပ်တိုးတိုးခေါ်၏။ Joy က သူမ အသံကိုမကြားရသူ ပမာ ကော့တေးခွက်ကိုသာ မော့သောက်ဖို့ လုပ်နေခဲ့သည်။ နောက်ဆုံး မနေနိုင် စွာဖြင့် Emmy သည် Joy လက်ကို လှမ်းကိုင်ပြီး ဟန့်တားလိုက်ရ၏။ ထိုအခါ ကျမှသာ Joy အကြည့်များက သူမထံ ရောက်လာတော့သည်။ မည်သည့် ခံစား ချက်မျှ မရှိနေသည့် မျက်ဝန်းတို့ကိုကြည့်ပြီး Emmy စိတ်ထဲ အပြစ်မကင်းသည့် စိတ်တို့ခိုအောင်းလာရ၏။ One နှင့် Miles တို့အတွက် Joy ကို သူမ အားနာလာ တော့သည်။

“တကယ်လို့ Joy နဲ့ One လမ်းခွဲကြလဲ Joy က အစ်မသူငယ်ချင်းပဲ ဖြစ်နေဦးမှာပဲ”

Joy က သူမကို ငြိမ်သက်စွာသာ စိုက်ကြည့်နေ၏။

“ဒါကအစ်မတို့ သူငယ်ချင်းတွေ အပြစ်ပါ… တကယ် Joy ကို အစ်မ ဘယ်လိုမျိုး…”

ဖူးခက်တွင်ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တို့အပြီးတွင် ယခုလိုဆွဲခေါ် သွားခြင်းလည်း ဖြစ်ခဲ့ပြီမို့ Joy က ဖြစ်ပျက်နေသည့် အကြောင်းအရာတို့ကို ရှင်း ရှင်းလင်းလင်း မသိဘဲနေလိမ့်မည်မဟုတ်ပေ။ သူမ ဘယ်လောက်ပဲ Joy ကို ကြိုးစားနှစ်သိမ့်ပါစေ Joy က ခံစားချက်မဲ့နေသူလေး တစ်ယောက်လိုပေ။

ဘယ်လောက်များ စိတ်မကောင်းဖြစ်သွားတာမို့ အမြဲတမ်း တစ်ခုခုဆို ပြုံးတတ်တဲ့ ကလေးမလေးက ငြိမ်သက်လွန်းနေရတာလဲလေ…။

Joy မှာတော့ စကားမပြောသည့် သူမကိုကြည့်ပြီး စိတ်မသက်မသာ ဖြစ်နေရသည့် Emmy ကို ကြည့်ပြီး အသဲယားနေတော့၏။

P’Emmy တစ်ယောက်ဟာ လည်မလိုလိုနဲ့ တုံးလွန်းလိုက်တာ…။ အစ တည်းက ပြောပြခဲ့သားနဲ့။ လုပ်နေသမျှက စိတ်ပါလို့ လုပ်တာမဟုတ်ပါဘူးဆို တာကိုလေ…။

“P’Emmy…”

အဆုံးတွင်တော့ Emmy ၏ စိတ်အိုက်နေပုံကိုကြည့်ပြီး Joy မနေနိုင် တော့။

“အင်း Joy…”

ဘေးတွင် မျက်နှာငယ်ငယ်နှင့်ထိုင်နေသည့် Emmy ကို သူမ လှမ်းခေါ် လိုက်တော့ Emmy က သူမကို မျက်နှာရွှင်ရွှင်လေးဖြင့် ကြည့်လာခဲ့သည်။

“Joy နည်းနည်းပင်ပန်းနေလို့ သွားနှင့်တော့မယ်… တကယ်လို့ မေးခဲ့ ရင် ဒီည သူငယ်ချင်းအိမ်မှာပဲ အိပ်လိုက်တော့မယ်လို့ ပြောပေးပါ…”

“Joy…”

သူမလက်လေးကို လှမ်းဆွဲသည့် Emmy ကြောင့် Joy ရင်တဒိတ်ဒိတ် ခုန်သွားရ၏။ နှလုံးသွေးများက နူးညံ့သည့် လက်အတွေ့တွင် တဒိတ်ဒိတ်တိုး နေပေသည်။

“သောက်ထားတာ များနေတော့…”

“မများသေးပါဘူး… P’Emmy ထင်လို့ပါ… Joy သွားတော့မယ်နော်”

Emmy လက်ကို ကမန်းကတမ်း ဖြုတ်ချပြီး ခြေလှမ်းကျဲများဖြင့် Joy ထွက်လာလိုက်၏။ ကလပ်ထဲက အထွက်တွင် ကလပ်ထဲပြန်ဝင်လာသည့် Miles ကို သူမတွေ့လိုက်ရသည်။ Miles က အလောတကြီး ထွက်သွားသည့် သူမကို အံ့ဩတကြီးကြည့်လိုက်သည်ကို မြင်လိုက်ရသော်လည်း ခြေလှမ်းတို့ကို Joy မ ရပ်ဖြစ်ခဲ့။

Previous Table of Contents Next

Zawgyi

အပိုင္း – ၂၇ ။ မွတ္မိေတာ့ေရာ… ဘာလုပ္ႏိုင္ၾကမွာမို႔လဲ

“One! ငါ့လက္ကို လႊတ္!”

အျပင္သို႔ေရာက္ခ်ိန္တြင္ Miles သည္ သူ႔လက္ေကာက္ဝတ္ကိုဆုပ္ကိုင္ ထားသည့္ One လက္မွလြတ္ေအာင္ေဆာင့္႐ုန္းေတာ့၏။ ႐ုန္းေလလက္ကိုတင္း ၾကပ္စြာ ဆုပ္ကိုင္ထားမႈက ပို၍အားပါလာေလၿပီ။ အဆုံးတြင္ေတာ့…

“ငါ့လက္နာေနၿပီ…”

ငိုေတာ့မည့္အသံမ်ိဳးျဖင့္ သူ ေျပာလိုက္ေတာ့မွပဲ လက္ကိုဆုပ္ကိုင္ထား ျခင္းမွာ ေျပေလ်ာ့သြားေတာ့၏။ One က သူ႔လက္ကိုလႊတ္ေပးလိုက္သည္ႏွင့္ Miles ကိုယ့္လက္ကိုယ္ ျပန္ၾကည့္လိုက္မိသည္။ လက္ေကာက္ဝတ္တြင္ထင္ေန သည့္ လက္ေခ်ာင္းရာတို႔ကိုၾကည့္လွ်င္ One က သူ႔ကိုဘယ္ေလာက္ထိ အားျဖင့္ တင္းတင္းဆုပ္ကိုင္ထားမွန္း သိသာေနသည္။

“ေဆာရီး Miles ငါ…”

သူ႔လက္ေကာက္ဝတ္ကိုၾကည့္ၿပီး One က မခ်င့္မရဲျဖင့္ဆိုလိုက္၏။ ထို႔ ေနာက္ လက္ကိုအသာလွမ္းၿပီးေနာက္ လမ္းတစ္ဝက္တြင္ လက္ကိုျပန္႐ုတ္ကာ

“ငါေတာင္းပန္ပါတယ္…”

ေခါင္းငုံ႔ေတာင္းပန္သည့္ One ကို Miles ၾကည့္လိုက္၏။ သူ႔ကို One က ဘာေၾကာင့္ဆြဲေခၚလာသလဲဆိုသည္ကို Miles မရိပ္မိဘဲ မေနပါေပ။ သူေတာင္ ရိပ္မိလွ်င္ အားလုံးမွာလည္း ရိပ္မိေလာက္သည္။ Joy ၏ ပကတိတည္ၿငိမ္ေန သည့္ မ်က္ႏွာေလးကို ျပန္ျမင္ေယာင္မိခ်ိန္တြင္ Miles စိတ္ထဲပို၍ မြန္းၾကပ္လာ ၏။

ဘာလို႔… အားလုံးက ဒီေလာက္ႀကီး ရႈပ္ေထြးေနရတာလဲ…။

One ကို သူ ေသခ်ာစိုက္ၾကည့္၏။ သူက One ကို ခ်စ္ေနသလို One က လည္း သူ႔အေပၚခံစားခ်က္ရွိသည္က အေသအခ်ာပင္။ သို႔ေသာ္ ထိုခံစားခ်က္တို႔ က သူရွိေနသည့္ ခံစားခ်က္မ်ားေလာက္ေရာက္ ေလးနက္ပါရဲ႕လား။

မေသခ်ာ…။

သူ႔အေပၚခံစားခ်က္ရွိတတ္ၿပီး အခ်ိန္တစ္ခုတြင္ မေရရာျခင္းတို႔ေၾကာင့္ ထြက္သြားၾကသည့္ သူတို႔ကို ျပန္သတိရမိၿပီး Miles ႏႈတ္ခမ္းမ်ားကို တင္းတင္း ေစ့လိုက္မိ၏။

မျဖစ္ခ်င္ဘူး…။ ဒီလိုမ်ိဳးေတြ ထပ္ၿပီးေတာ့ မႀကဳံေတြ႕ခ်င္ေတာ့ဘူး…။

“ငါသြားေတာ့မယ္…”

မႀကဳံေတြ႕ခ်င္လွ်င္ သူ လုပ္ႏိုင္သည္က တစ္ခုတည္းပါေပ။

“Miles! မင္း… အဲဒီေကာင္ဆီကို သြားဦးမလို႔လား…”

ေနာက္လွည့္လိုက္သည့္ သူ႔ကို One က ျပန္ဆြဲလိုက္၏။ နာက်င္မႈျဖင့္ မ်က္ႏွာကို သူ ရႈံ႕လိုက္မိခ်ိန္တြင္ One သည္ စိတ္ပူစြာႏွင့္ လက္ကိုျပန္လႊတ္ေပး လိုက္ေလသည္။

“ဟုတ္တယ္… ငါတို႔သင့္ေတာ္၏ မသင့္ေတာ္၏ စမ္းၾကည့္မလို႔”

“မသြားရဘူး Miles… သူနဲ႔မင္းက သင့္ေတာ္စရာအေၾကာင္းလဲမရွိဘူး”

“မင္းက ဘာမို႔လို႔ ငါ့ကိုလာတားျမစ္ေနရတာလဲ”

“ငါကဘာလို႔ မင္းကိုတားျမစ္ခြင့္မရွိရမွာလဲ… ငါတို႔ေတြ…”

စကားမဆက္ႏိုင္ေတာ့ဘဲရပ္သြားသည့္ One ကို Miles ေစ့ေစ့ၾကည့္၏။ One ေျပာေနသည္မ်ားက အဓိပၸာယ္မရွိဟု သူခံစားလာရသည္။

တစ္ေယာက္နဲ႔တစ္ေယာက္ ခံစားခ်က္ေတြ ရွိေနၾကတာနဲ႔ပဲ ဒီလိုေတြ ခ်ဳပ္ခ်ယ္လို႔ရေနေရာလား။ ကိုယ္တိုင္ကျဖင့္ ရပ္ၿမဲရပ္ဆဲ ျဖစ္ေနၿပီးေတာ့ေလ။ အေရွ႕ကိုတစ္လွမ္းေတာင္ မတိုးရဲဘဲနဲ႔ ဘာေတြလာေျပာခ်င္ေနရတာလဲ။

ၿပီးခဲ့သည့္ရက္မ်ားအတြင္း စိတ္မြန္းၾကပ္ေနရျခင္းတို႔ပါ စုေပါင္းၿပီး သူ ေဒါသထြက္လာေတာ့သည္။ One ကို စူးစူးရဲရဲ ၾကည့္ၿပီး Miles ေမးလိုက္ေတာ့ ၏။

“ငါတို႔ေတြ ဘာျဖစ္လဲ… ဆက္ေျပာေလ”

One က ျပန္မေျပာဘဲ သူ႔ကိုသာ ၾကည့္ေနသျဖင့္ Miles ဟက္ခနဲသာ ရယ္လိုက္ေတာ့၏။

“ငါသြားေတာ့မယ္…”

“မင္း! ငါတို႔က ဘာမွမဟုတ္ေတာ့ဘူးလား! အဲဒီညက ငါတို႔ေတြ ေျပာခဲ့ ၾကတာေတြကေလ… ဒီအတိုင္းပဲ မင္းေမ့ပစ္လိုက္ေတာ့မွာလား”

“ငါတို႔ေတြ…”

“တကယ္ပဲ မင္းေမ့ေနၿပီလား… ငါတို႔ေတြ အဲဒီညက ကမ္းေျခမွာဘာ ေတြေျပာခဲ့တယ္ဆိုတာ မင္းဘာမွ မမွတ္မိေတာ့ဘူးလား… ဒါမွမဟုတ္ မမွတ္မိ ခ်င္ေတာ့တာလား”

Miles မ်က္ခုံးတို႔ တြန႔္ခ်ိဳးၿပီး One ကိုၾကည့္၏။ ဖူးခက္ေနာက္ဆုံးည တြင္ သူႏွင့္One အၾကားတစ္ခုခုရွိခဲ့သည္ဟု အၿမဲတမ္း သူ ထင္ေနမိသည္။ ဘာ မ်ားျဖစ္ခဲ့ၾကသလဲဆိုသည္ကို ျပန္ေတြးဖို႔အတြက္ သူ႔တြင္အခ်ိန္မရွိခဲ့။ သူတို႔ျပန္ ေရာက္ကတည္းက Joy က အၿမဲတမ္း One အနားကပ္ေနၿပီး သူ႔ကိုအဆက္မ ျပတ္ ထိုးႏွက္ေနခဲ့သည္မို႔ ထိုအေၾကာင္းကို ျပန္ေတြးဖို႔ သူ မစဥ္းစားႏိုင္ခဲ့။ ယခု One က ထိုညအေၾကာင္းကို ေျပာလာေခ်ၿပီ။

“တကယ္ပဲ… မင္း ျပန္မစဥ္းစားခ်င္ေတာ့တာလား”

One ၏ မ်က္လုံးမ်ားထဲရွိ နာက်င္ျခင္းတို႔ကို ျမင္ရခ်ိန္တြင္ ေမ့ေလ်ာ့ခဲ့ သည့္ မွတ္ဉာဏ္တို႔ကို သူ ႀကိဳးစားျပန္ေခၚလိုက္ရ၏။ ထိုတစ္ညတာမွတ္ဉာဏ္ တို႔မွာ ဤအခါမွသာ သူ႔ထံသို႔ အလုံးအရင္းႏွင့္ ျပန္ဝင္ေရာက္လာေတာ့သည္။

သူတို႔ေျပာခဲ့ၾကသည့္စကားမ်ား၊တစ္ေယာက္ႏွင့္တစ္ေယာက္ဖြင့္ဟဝန္ ခံခဲ့ျခင္းမ်ား။ မွတ္ဉာဏ္တို႔သည္သူ႔ထံသို႔ျပန္ဝင္ေရာက္လာေတာ့၏။ အေရွ႕တြင္ ရွိေနသည့္ One ကို Miles ရႈပ္ေထြးေသာ မ်က္ဝန္းတို႔ႏွင့္သာ ၾကည့္လိုက္မိေတာ့ သည္။ ထိန္းခ်ဳပ္မရေတာ့ေအာင္ အရာအားလုံးသည္ လြန္ကြၽံေနခဲ့ၿပီ။

“Miles…”

One က သူ႔အမည္ကို ခပ္တိုးတိုးေခၚေလ၏။ အေရွ႕သို႔ ေျခလွမ္းလိုက္ သည့္ One ေၾကာင့္ Miles အေနာက္ကို တစ္လွမ္းျပန္ဆုတ္လိုက္သည္။

“Miles…”

အေနာက္သို႔ဆုတ္လိုက္သည့္ သူ႔ကိုၾကည့္ၿပီး One ကသူ႔အမည္ကိုထပ္ ေခၚလိုက္၏။

“အဲဒီနားက ဆက္ၿပီးေရွ႕မတိုးလာနဲ႔… အဲဒီနားမွာပဲရပ္ေန… ဒီအတိုင္း ငါတို႔စကားေျပာလို႔ရတယ္…”

ေျခစုံရပ္ကာ သူတို႔တစ္ေယာက္ႏွင့္တစ္ေယာက္ ၾကည့္ေနလိုက္ၾက၏။ တစ္ခ်က္ခ်က္တြင္ ျဖတ္သြားေသာ ကားတို႔မွာ လမ္းေဘးတစ္ေနရာတြင္ စကား ဆိုေနသူ ေကာင္ေလးႏွစ္ဦးကို ေက်ာ္ျဖတ္သြားၾကသည္။

အခ်ိန္တေအာင့္ၾကာေတာ့မွ Miles သည္ အသက္ကိုျပင္းျပင္းရႉလိုက္ ၿပီး One ကို ေသခ်ာစိုက္ၾကည့္ကာ…

“ငါျပန္မွတ္မိေတာ့ေရာ… ဘာဆက္လုပ္လို႔ရလို႔လဲ”

One ၏ တြန႔္ဆုတ္ေနမႈကို သူ မျမင္သည္မွ မဟုတ္ဘဲ။ Joy ႏွင့္ အဆုံး သတ္ဖို႔အတြက္ One ကိုယ္တိုင္ နည္းလမ္းရွာမရေသးသည္ကို သူ ျမင္ေနသား ပါပဲ။

“ဒါကမင္းအတြက္ တခဏစိတ္ကစားတာလဲ ျဖစ္ႏိုင္တာပဲ… ဒီအတိုင္း ရင္ခုန္သံ အသစ္အဆန္းတစ္ခုကို မင္းႀကဳံႀကိဳက္ေနတာလဲ ျဖစ္ႏိုင္တာပဲေလ… ေနာက္က်ေတာ့ ေရွ႕တိုးရခက္ခဲလို႔ဆိုၿပီး မင္းလဲ အေနာက္ကို ျပန္ဆုတ္သြားမွာ ပဲ မဟုတ္ဘူးလား…”

ခံစားခဲ့ရသည့္ စိတ္ဒဏ္ရာတို႔မွာ မ်ားျပားေနခဲ့ၿပီ။ ဆက္ဆံေရးတစ္ခု အဆုံးသတ္တိုင္း အျခားသူငယ္ခ်င္းမ်ား စိတ္မပူေအာင္ဖို႔ရာအတြက္ ေနာက္ ဆက္ဆံေရးကို ခပ္ျမန္ျမန္စခဲ့ေသာ္လည္း အဆုံးတြင္ ထိုဆက္ဆံေရးထဲ ယစ္မူး ခဲ့သူမွာ သူ သာလွ်င္ျဖစ္သည္။ သူစိမ္းတစ္ေယာက္ႏွင့္ အဆုံးသတ္ရျခင္းက သူ႔ အတြက္ ျပႆနာမဟုတ္ေသာ္လည္း One က သူ႔သူငယ္ခ်င္းျဖစ္သည္။

ဟိုအရင္ ဆက္ဆံေရးမ်ားလို အဆုံးသတ္ခဲ့ပါက သူတို႔ႏွစ္ေယာက္ၾကား ရွိခဲ့ေသာ အမွတ္တရတို႔ကိုပါ သူ ဆုံးရႈံးရလိမ့္မည္။ တခဏတာ ေပ်ာ္႐ႊင္မႈေလး အတြက္ သူ အရာအားလုံးကို မဆုံးရႈံးခ်င္။

“Miles…”

“မင္းကိုယ္တိုင္ေရာ… ဆုံးျဖတ္ခ်က္ခ်ႏိုင္လို႔လား…”

“မင္းသာ ငါ့ကိုယုံရင္…”

“Joy ကို မင္းဘယ္လိုလုပ္မွာလဲ… သူက ျပစ္ခ်က္ေတြရွိေနလို႔လား… ေနာက္ၿပီး သူနဲ႔မင္းရဲ႕ဆက္ဆံေရးက ရပ္သြားၿပီဆိုရင္ေတာင္မွ ငါတို႔ရဲ႕ဆက္ဆံ ေရးကေရာ တည္ၿမဲမွာမို႔လို႔လား… အဆုံးထိ မင္းကငါ့လက္ကိုတြဲႏိုင္မွာမို႔လား၊ လမ္းခုလတ္မွ လက္တြဲျဖဳတ္မခ်ပါဘူးလို႔ ကမာၻကိုတိုင္တည္ၿပီးသစၥာျပဳရဲလို႔ လား…”

One ကို Miles စကားေျပာခြင့္မေပးဘဲ ဆက္ေမး၏။

“ငါတို႔ဆက္ဆံေရးက အေၾကာင္းတစ္ခုခုေၾကာင့္ ျပတ္သြားခဲ့ရင္ေရာ ႏွစ္အၾကာႀကီးခင္ခဲ့တဲ့ သူငယ္ခ်င္းေတြကေရာ… Ryan, Emmy, Loey, Zoey… အားလုံး ဘာဆက္ျဖစ္ၾကမွာလဲ…”

ေျပာရင္းႏွင့္ Miles ငိုခ်င္လာေတာ့၏။

“ဒါေတြအားလုံးကို မင္းဘယ္လိုလုပ္မယ္စဥ္းစားထားလဲ…”

မင္း အေတြးလြန္ေနတာပါဟု ေျပာဖို႔ကလည္း Miles ေျပာသည့္ထဲတြင္ အမွားမပါေန။ ထိုသည္က သူတို႔ႀကဳံေတြ႕ရမည့္ အရာမ်ားျဖစ္သည္။ သူက တိုင္ တည္ရဲပါသည္ဟု ေျပာသည့္တိုင္ ဒဏ္ရာတို႔ျပည့္ႏွက္ေနသည့္ ႏွလုံးသားငယ္ မွာ သူ႔ကိုယုံၾကည္ရဲလိမ့္မည္မဟုတ္ပါေပ။

“ဆက္ဆံေရးဆုံးဖို႔အတြက္ မေျပာပါနဲ႔ဦး ငါတို႔ဆက္ဆံေရးစဖို႔အတြက္ မင္းဘယ္လိုလုပ္ႏိုင္လို႔လဲ… မင္းဘာသာ ဘယ္လိုပဲေျပာေျပာ မင္းနဲ႔Joy ၾကား ကို ဝင္တဲ့သူက ငါပဲမဟုတ္လား… တျခားသူေတြနဲ႔ Joy ၾကားမွာ ဘယ္လိုမ်ိဳး အေနခက္ကုန္ၾကမလဲ…”

သူ႔ကိုေမးခြန္းတို႔ေမးေနသည့္ Miles ကို အေရွ႕တိုးၿပီး ေထြးဖက္လိုက္ ခ်င္ေသာ္လည္း အက္ေၾကာင္းရာတို႔ျဖစ္ေနသည့္ ႏွလုံးသားေလးမွာ သူ႔ေၾကာင့္ က်ိဳးေၾကလြင့္ေပ်ာက္မည္ကို One စိုးရိမ္ေနမိသည္။ ဘယ္ေသာအခါမွ ယခုလို မ်ိဳးတြန႔္ဆုတ္ျခင္း မရွိခဲ့သည့္သူမွာ Miles တစ္ခုခုျဖစ္မည္ကိုစိုးကာ ေၾကာက္႐ြံ႕ တတ္ေနခဲ့ၿပီ။

သူကိုယ္တိုင္ဟာလည္း Miles အေပၚမွာ ေလးနက္ေနခဲ့ပါလား…။

“Miles…”

Miles ကို သူ တိုးျငင္းစြာေခၚလိုက္၏။ သူ႔ကို ၾကည့္လာသည့္ မ်က္ဝန္း ေလးမ်ားထဲတြင္ စိုး႐ြံ႕ေၾကာက္လန႔္ျခင္းသာ ရွိေနခဲ့သည္။

“အခုခ်ိန္မွာ ငါေျပာလဲ ငါ့ကိုမင္းယုံႏိုင္မွာ မဟုတ္ဘူး…”

Miles က သူ႔ကိုစူးစမ္းသလို ၾကည့္၏။

“ျဖည္းျဖည္းခ်င္း… ငါျဖည္းျဖည္းခ်င္း ႀကိဳးစားသြားပါ့မယ္… မင္းစိုး ရိမ္ေနရသမွ်က ျဖစ္လာမွာ မဟုတ္ပါဘူး”

မင္းကဘာလုပ္ႏိုင္လို႔လဲဟု Miles ခြန္းတုံ႔ျပန္ေမးလိုက္ခ်င္ေသာ္လည္း သူ႔စိတ္မွာ ပင္ပန္းလြန္းေနၿပီမို႔ ေက်ာသာခိုင္းလိုက္ေတာ့၏။ ကလပ္ဘက္သို႔ ျပန္သြားမည့္ အခ်ိန္တြင္ One စကားသံက သူ႔အေနာက္မွ ကပ္ၿငိပါလာခဲ့သည္။

“ဒါေၾကာင့္ Two ကို လက္မခံေသးလို႔ရမလား… အဆုံးထိ ငါ့ႀကိဳးစားမႈ ကို မင္း လက္မခံႏိုင္ဘူးဆိုရင္ Two ကို လက္ခံလဲ ေနာက္မက်ေသးပါဘူး…. မဟုတ္လား”

ေက်ာခိုင္းထြက္သူ၏ ေျခလွမ္းတို႔မွာ တစ္ခ်က္သာ တုံ႔ဆိုင္းသြားခဲ့ၿပီး ေနာက္ျပန္လွည့္ျခင္း မရွိခဲ့။ က်န္ရစ္သူမွာေတာ့ ေက်ာျပင္ငယ္ကိုသာ ေငးစိုက္ ၾကည့္ၿပီး ေနရစ္ေလခဲ့သည္။

ကလပ္ထဲတြင္ေတာ့…

“Joy…”

Emmy က ၿငိမ္ၿငိမ္ေလးထိုင္ၿပီး ေကာ့ေတးတစ္ခြက္ၿပီးတစ္ခြက္မွာ ေသာက္ေနသည့္ Joy ကို ခပ္တိုးတိုးေခၚ၏။ Joy က သူမ အသံကိုမၾကားရသူ ပမာ ေကာ့ေတးခြက္ကိုသာ ေမာ့ေသာက္ဖို႔ လုပ္ေနခဲ့သည္။ ေနာက္ဆုံး မေနႏိုင္ စြာျဖင့္ Emmy သည္ Joy လက္ကို လွမ္းကိုင္ၿပီး ဟန႔္တားလိုက္ရ၏။ ထိုအခါ က်မွသာ Joy အၾကည့္မ်ားက သူမထံ ေရာက္လာေတာ့သည္။ မည္သည့္ ခံစား ခ်က္မွ် မရွိေနသည့္ မ်က္ဝန္းတို႔ကိုၾကည့္ၿပီး Emmy စိတ္ထဲ အျပစ္မကင္းသည့္ စိတ္တို႔ခိုေအာင္းလာရ၏။ One ႏွင့္ Miles တို႔အတြက္ Joy ကို သူမ အားနာလာ ေတာ့သည္။

“တကယ္လို႔ Joy နဲ႔ One လမ္းခြဲၾကလဲ Joy က အစ္မသူငယ္ခ်င္းပဲ ျဖစ္ေနဦးမွာပဲ”

Joy က သူမကို ၿငိမ္သက္စြာသာ စိုက္ၾကည့္ေန၏။

“ဒါကအစ္မတို႔ သူငယ္ခ်င္းေတြ အျပစ္ပါ… တကယ္ Joy ကို အစ္မ ဘယ္လိုမ်ိဳး…”

ဖူးခက္တြင္ျဖစ္ပ်က္ခဲ့သည့္ အျဖစ္အပ်က္တို႔အၿပီးတြင္ ယခုလိုဆြဲေခၚ သြားျခင္းလည္း ျဖစ္ခဲ့ၿပီမို႔ Joy က ျဖစ္ပ်က္ေနသည့္ အေၾကာင္းအရာတို႔ကို ရွင္း ရွင္းလင္းလင္း မသိဘဲေနလိမ့္မည္မဟုတ္ေပ။ သူမ ဘယ္ေလာက္ပဲ Joy ကို ႀကိဳးစားႏွစ္သိမ့္ပါေစ Joy က ခံစားခ်က္မဲ့ေနသူေလး တစ္ေယာက္လိုေပ။

ဘယ္ေလာက္မ်ား စိတ္မေကာင္းျဖစ္သြားတာမို႔ အၿမဲတမ္း တစ္ခုခုဆို ၿပဳံးတတ္တဲ့ ကေလးမေလးက ၿငိမ္သက္လြန္းေနရတာလဲေလ…။

Joy မွာေတာ့ စကားမေျပာသည့္ သူမကိုၾကည့္ၿပီး စိတ္မသက္မသာ ျဖစ္ေနရသည့္ Emmy ကို ၾကည့္ၿပီး အသဲယားေနေတာ့၏။

P’Emmy တစ္ေယာက္ဟာ လည္မလိုလိုနဲ႔ တုံးလြန္းလိုက္တာ…။ အစ တည္းက ေျပာျပခဲ့သားနဲ႔။ လုပ္ေနသမွ်က စိတ္ပါလို႔ လုပ္တာမဟုတ္ပါဘူးဆို တာကိုေလ…။

“P’Emmy…”

အဆုံးတြင္ေတာ့ Emmy ၏ စိတ္အိုက္ေနပုံကိုၾကည့္ၿပီး Joy မေနႏိုင္ ေတာ့။

“အင္း Joy…”

ေဘးတြင္ မ်က္ႏွာငယ္ငယ္ႏွင့္ထိုင္ေနသည့္ Emmy ကို သူမ လွမ္းေခၚ လိုက္ေတာ့ Emmy က သူမကို မ်က္ႏွာ႐ႊင္႐ႊင္ေလးျဖင့္ ၾကည့္လာခဲ့သည္။

“Joy နည္းနည္းပင္ပန္းေနလို႔ သြားႏွင့္ေတာ့မယ္… တကယ္လို႔ ေမးခဲ့ ရင္ ဒီည သူငယ္ခ်င္းအိမ္မွာပဲ အိပ္လိုက္ေတာ့မယ္လို႔ ေျပာေပးပါ…”

“Joy…”

သူမလက္ေလးကို လွမ္းဆြဲသည့္ Emmy ေၾကာင့္ Joy ရင္တဒိတ္ဒိတ္ ခုန္သြားရ၏။ ႏွလုံးေသြးမ်ားက ႏူးညံ့သည့္ လက္အေတြ႕တြင္ တဒိတ္ဒိတ္တိုး ေနေပသည္။

“ေသာက္ထားတာ မ်ားေနေတာ့…”

“မမ်ားေသးပါဘူး… P’Emmy ထင္လို႔ပါ… Joy သြားေတာ့မယ္ေနာ္”

Emmy လက္ကို ကမန္းကတမ္း ျဖဳတ္ခ်ၿပီး ေျခလွမ္းက်ဲမ်ားျဖင့္ Joy ထြက္လာလိုက္၏။ ကလပ္ထဲက အထြက္တြင္ ကလပ္ထဲျပန္ဝင္လာသည့္ Miles ကို သူမေတြ႕လိုက္ရသည္။ Miles က အေလာတႀကီး ထြက္သြားသည့္ သူမကို အံ့ဩတႀကီးၾကည့္လိုက္သည္ကို ျမင္လိုက္ရေသာ္လည္း ေျခလွမ္းတို႔ကို Joy မ ရပ္ျဖစ္ခဲ့။

Previous Table of Contents Next