Unicode

အပိုင်း – ၂၈ ။ ခဏတာခွဲခွာ

“Miles…”

ဟိုတယ်ပြန်ရောက်ပြီး ရေမိုးချိုးအဝတ်လဲပြီး ထွက်လာသည့် Miles ကို Ryan က လှမ်းခေါ်လိုက်၏။ ဤညတွင် ဖြစ်ပျက်ခဲ့သမျှကို လျစ်လျူရှုချင်သော် လည်းမဖြစ်နိုင်တော့ဟု Miles တွေးလိုက်သည်။ ထို့ကြောင့် ခေါင်းသုတ်ပုဝါဖြင့် ခေါင်းသုတ်ရင်းဖြင့် သူ့ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး Ryan နှင့်မျက်နှာချင်းဆိုင် လိုက်တော့၏။ Ryan က သူ့ကို မည်သို့စကားစရမလဲဆိုသည့် မျက်နှာထားမျိုး နှင့် မသက်မသာကြည့်နေခဲ့သည်။ ခေါ်တုန်းကခေါ်ပြီး ဘယ်လိုစကားစရမလဲ ဖြစ်နေသည့် Ryan ကို ကြည့်ပြီး Miles လေပူသာမှုတ်ထုတ်လိုက်တော့သည်။

“ငါနဲ့One ကိစ္စကို မင်း မေးမလို့လား”

“အင်း…”

သူ စကားစတော့မှပဲ Ryan က ခေါင်းညိတ်ပြ၏။

“ဘာတွေဖြစ်လာမလဲ… ငါလဲမသိဘူး”

Miles အမှန်အတိုင်းသာ ပြောလိုက်သည်။

“ငါတို့အားလုံးအမြဲတမ်းအတူတူ ရှိချင်ပါတယ်… ဒါပေမဲ့ အခုတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ငါတကယ်မသိဘူး…”

လူတွေ၏ ဆက်ဆံရေးများက ရှုပ်ထွေးလွန်းသည်မို့ One က သတ္တိရှိစွာ ဖြင့် သူ့လက်ကိုတွဲပြီး ရင်ဆိုင်မည်ဆိုလျှင်တောင်မှ သူတို့ဘာဆက်ဖြစ်ကြမလဲ ဆိုသည်ကို Miles မပြောတတ်ပါပေ။

One က သူ့ကိုလက်ကမ်းလာခဲ့လျှင် သူ ဘာလုပ်ရမလဲ…။

Miles ရင်မောစွာတွေး၏။ One လက်ကိုပြန်မတွဲရဲသည်တော့ မဟုတ် ပါပေ။ လမ်းခုလတ်တွင် One လက်တွဲဖြုတ်သွားမည်ကို သူကြောက်နေခြင်း သာဖြစ်၏။

One က အဆုံးထိ သူနဲ့အတူတူ ရှိလိမ့်မယ်လို့ သူ မယုံကြည်ရဲဘူး…။ ဒီလိုမယုံကြည်တာက One ကိုမှ မဟုတ်ပါဘူး…။ ဘယ်သူ့ကိုမှ သူ မယုံကြည်ရဲ တော့တာပါ…။ ယုံကြည်မျှော်လင့်ခြင်းကြောင့် ရလာတဲ့ ဒဏ်ရာတွေက များနေ ခဲ့ပြီမို့…။

ဘာဆက်ဖြစ်မလဲမသိဟု အဖြေပေးပြီး ငြိမ်သက်နေသည့် Miles ကို Ryan တိတ်ဆိတ်စွာသာ ကြည့်နေလိုက်သည်။ အချိန်တအောင့်ကြာတော့မှ သူ သက်ပြင်းရှိုက်ကာ ထိုင်နေရာမှထရပ်လိုက်၏။ Miles ပခုံးလေးကို အားပေးဟန် ဖြင့်ဖျစ်ဆုပ်ကိုင်လိုက်တော့ Miles က မျက်လွှာချခေါင်းငုံ့ပြီး တစ်ခုခုကို စဉ်းစား နေရာမှ သူ့ကိုမော့ကြည့်လာသည်။ Ryan အားပေးနှစ်သိမ့်သည့် အပြုံးမျိုးဖြင့် Miles ကို ပြုံးပြလိုက်ပြီးနောက်…

“ဘာပဲဖြစ်ဖြစ် ငါတို့တွေက အမြဲတမ်းသူငယ်ချင်းတွေ ဖြစ်နေဦးမှာပါ ဘာပဲဖြစ်လာဖြစ်လာ… စစချင်းမှာ နည်းနည်းလေးတော့ ကမောက်ကမ ဖြစ် သွားနိုင်ကြပေမဲ့ပြီးရင်ဒါကလဲ ပြီးဆုံးသွားမှာပါ… ငါတို့ဒါကိုကျော်ဖြတ်သွားကြ ဦးမှာပါ…”

“အင်း… မင်းပြောသလို ငါတို့အမြဲတမ်း အတူထပ်ရှိနေဖို့ကိုပဲ ငါမျှော် လင့်ပါတယ်…”

“အင်း… မင်းလဲ ပင်ပန်းနေပြီဆို‌တော့ နားလိုက်တော့… ငါတို့တွေရက် နည်းနည်းလောက် နားလိုက်ကြမယ်လေ…”

“အင်း… အဲဒါပိုကောင်းတယ်…”

သူတို့ နှစ်ရက်သုံးရက်လောက် အပြင်မထွက်တာ ကောင်းလိမ့်မယ်…။ One ကို ရင်မဆိုင်ရတော့ဘူးပေါ့…။ ဖြစ်ရပ်တွေက ပူနွေးနေတုန်းမှာ သူတို့တွေ မတွေ့ဖြစ်ကြတာ ကောင်းမယ်…။

“အင်း… သွားချင်လဲ ဟိုတယ်နဲ့နီးနီးနားနားပဲ သွားကြတာပေါ့”

“အင်း… အဲဒါကောင်းတယ်…”

“ဒါဆို မိန်းကလေးတွေကို ငါပြောထားလိုက်မယ်”

“အင်း…”

Ryan နှင့်စကားပြောပြီးနောက် ခေါင်းရေခြောက်အောင် သုတ်လိုက်ပြီး Miles တစ်ဖက်လှည့်ကာလှဲနေလိုက်သည်။ မျက်လုံးမမှိတ်ဘဲ နံရံကိုကြာမြင့်စွာ စိုက်ကြည့်ပြီးနောက်တွင် သူ သက်ပြင်းရှိုက်လိုက်၏။

One ကိုသာ ငြင်းဆန်ချင်နေတာ…။ One တောင်းဆိုတာကိုတော့ သူ လိုက်လုပ်မိနေတုန်းပဲ…။

ပြန်မလာခင်အချိန်တုန်းကTwo ကို ကလပ်တွင်ငြင်းခဲ့သည့်အကြောင်း ပြန်တွေးပြီး Miles သက်ပြင်းမောထပ်ရှိုက်မိပြန်သည်။

“တကယ်ပဲ ငါနဲ့မ Try ကြည့်တော့ဘူးလား”

“တောင်းပန်ပါတယ်… ဒါကသင့်တော်တယ်လို့ ထင်ပေမဲ့…”

“ဟင့်အင်း မင်းတောင်းပန်စရာမလိုပါဘူး”

Two က သူ့ကိုနားလည်သည့် အပြုံးမျိုးဖြင့်ကြည့်၏။

“အားလဲမနာပါနဲ့ ဒါကဘာမှမဟုတ်ပါဘူး… မင်းတို့ရဲ့လမ်းခရီးဖြောင့် ဖြူးပါစေ…”

“မင်းတို့ရဲ့ လမ်းခရီးဖြောင့်ဖြူးပါစေတဲ့လား…”

အတွေးကိုရပ်ပြီး Miles ရေရွတ်လိုက်၏။ ထို့နောက် မျက်လုံးများကို သာ မှိတ်ချလိုက်တော့သည်။

ဘာမှထပ်မတွေးချင်တော့ဘူး…။ သူ ပင်ပန်းနေပြီမို့…။

“ဘာတဲ့လဲ”

ဖုန်းကိုငိုင်ငိုင်လေးစိုက်ကြည့်နေသည့် Emmy ကို Loey နှင့် Zoey က တစ်ခုတင်တည်းတွင် အတူလှဲနေကြရင်း လှမ်းမေးလိုက်၏။ သူမတို့စကားပြော နေကြစဉ် Ryan က Emmy ကို Messenger မှ လှမ်းစကားပြောကို မြင်လိုက်ရ သည်မို့ တစ်ခုခုဖြစ်၍ဆိုသည်ကို သူမတို့ရိပ်မိကြသည်။

ဟင်း… ဒီလူတွေက တကယ်ပါပဲ… ဖြေရှင်းဖို့လွယ်တဲ့ကိစ္စတွေကို မလို အပ်တာတွေ အများကြီးတွေးပြီး ခက်ခဲနေကြတယ်…။

Loey နှင့် Zoey သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတွေး လိုက်ကြ၏။ ထို့နောက် သူမတို့ Emmy ကို ပြန်ကြည့်လိုက်ကြသည်။

“Ryan က ဒီတစ်ရက်နှစ်ရက် ငါတို့ အဝေးကြီးတွေ လျှောက်မသွားရင် ကောင်းမယ်လို့ ပြောတယ်…”

“အိုး…”

Loey က စိတ်မဝင်စားတော့သည့် အသံမျိုးဖြင့် ရေရွတ်သည်။ Zoeyက ပျင်းရိဟန်ဖြင့် ခေါင်းထောင်ကြည့်နေရာမှ လှဲနေလိုက်တော့၏။

“ငါတို့တွေ အဆင်ပြေကြပါ့မလားဟင်… Miles နဲ့ One က…”

Emmy ၏ စိတ်ရှုပ်နေပုံက မြင်ရခဲသည်မို့ Loey နှင့် Zoey နှစ်ယောက် သား မျက်ခုံးပင့်လိုက်မိကြသည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် သူမတို့က တစ်ဖက်ခုတင်မှ Emmy ကို လှမ်းကြည့်လိုက်ကြပြန်၏။

“Joy ကိုလဲ အားနာတယ်…”

“တကယ်တော့ နင်တို့က အများကြီးတွေ တွေးနေတာမဟုတ်ဘူးလား”

မပြောချင်ပြောချင်လေသံမျိုးဖြင့် Zoey က စကားစ၏။

“ဘာကိုလဲ”

Emmy ပြန်မေးချိန်တွင် Zoey က ချက်ချင်းပြန်မဖြေဘဲ Loey ကိုအရင် ကြည့်လိုက်သေးသည်။ Loey က လုပ်ချင်ရာလုပ် ဟူသည့်ဟန်မျိုးဖြင့် ပခုံးတွန့် ပြတော့မှသာ Zoey ဆက်ပြောလေ၏။

“တကယ်လို့ Miles နဲ့ One က ကြိုက်မယ်ဆိုလဲ ကြိုက်ပေါ့ သူတို့က လူလွတ်တွေပဲ မဟုတ်ဘူးလား One က ရည်းစားရှိတယ်ဆိုပေမဲ့လို့ပေါ့…”

“ဒါဆို Joy ကရော…”

Emmy အမေးကြောင့် အမြွှာတို့မှာတစ်ယောက်ကိုတစ်ယောက်ကြည့် ကြပြန်သည်။ ထို့နောက် ပြိုင်တူရယ်လိုက်မိကြ၏။

“Joy ကို စိတ်ပူနေရင် နင်ဘာလို့တာဝန်မယူလိုက်တာလဲ… Joy က နင့်နားဒီလောက်ကပ်တာကို”

Loey ပြောတော့ Zoey ကပါခပ်တိုးတိုးရယ်၍…

“အေးလေ… အေးလေ… ဖူးခက်မှာတုန်းကဆိုကြည့်ပါလား”

Zoey စကားကို အတိုင်အဖောက်ညီညီနှင့် Loey က ထောက်ပေးလေ သည်။

“အေးလေ…သူ့ကောင်လေးက One လား နင်လားတောင် မသဲကွဲဘူး”

“ဟ! နင်… နင်တို့…ဘယ်လိုတောင်…”

“Emmy ရယ်… နင်လဲဒီလောက်ထိ မတုံးပါဘူး… Joy က နင့်ကို စိတ် ဝင်စားသလို ဖြစ်နေတာကိုမြင်နေသားနဲ့”

ဝန်မခံချင်သလိုနှင့် အငြင်းစကားပြောဖို့ပြင်နေသည့် Emmy ကို Loey က ဆက်ပြောလိုက်တော့ Zoey က ခေါင်းသာညိတ်ပြသည်။

တစ်ဖွဲ့လုံး၏ Evil Twins အကြောင်းကို ကောင်းကောင်းသိပြီးသားမို့ Emmy လေပူသာမှုတ်ထုတ်၏။ Joy ၏ သူမကို တရင်းတနှီးဆက်ဆံပုံက သူမ တွင်ရှိသည့် အခြားသော မိန်းကလေးသူငယ်ချင်းများနှင့် မတူသည်ကို Emmy သိရှိပြီးဖြစ်သည်။ Joy ၏အရိပ်အမြွက်ပြောသည့် စကားတို့ကိုပြန်စဉ်းစားကြည့် မည်ဆိုလျှင် Joy က One နှင့်ပတ်သက်သည့် ဆက်ဆံရေးကို အလေးအနက် မရှိကြောင်းကို သူမ သိနိုင်သည်။

ထိုသို့တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်မကင်းသလို Emmy ခံစား လာရသည်။ သူတို့ကြောင့် One နှင့် Joy က ယခုလိုမျိုး ဖြစ်ကြရသည် မဟုတ် လား။ အကယ်၍ သူတို့သာ ဘန်ကောက်ကို ခရီးမထွက်လာဘူးဆိုလျှင် ယခုလို မျိုး ဖြစ်ကြလိမ့်မည်မဟုတ်။

“Emmy ရယ်… ငါပြောပြမယ်… နင်တို့တွေကြောင့်မဟုတ်လဲ အချိန် တန်ရင် သူတို့တွေက လမ်းခွဲကြမှာပါပဲ… သူတို့သာ အချင်းချင်း တကယ်ချစ်ရင် နင်တို့ကို စိတ်ယိုင်စရာ မလိုဘူးမဟုတ်လား”

Loey စကားကြောင့် တွေးတွေးပြီး စိတ်မကောင်းဖြစ်နေရာမှ တစ်ဖက် ခုတင်ရှိ အမြွှာတို့ကို Emmy လှည့်ကြည့်ဖြစ်၏။

တကယ်ပဲ… Loey ပြောသလိုဖြစ်မှာလား…။

ဒီအချိန်မှာ Loey ပြောသလိုပဲ သူမ တွေးချင်ပါတော့တယ်…။

ထိုအချိန်တွင် Emmy စိုးရိမ်နေသည့် Joy မှာတော့ ပြောထားခဲ့သလို သူငယ်ချင်းတစ်ယောက်၏ အိမ်တွင်ရှိမနေဘဲ ဟိုတယ်တွင်နေနေခဲ့ခြင်းဖြစ်၏။ မှန်ပြတင်းအပြင်မှ ညသန်းခေါင် မြို့ပြအလှကို ခပ်ငေးငေးကြည့်နေခဲ့သည်။

ကိစ္စများလွယ်လွယ်ပြီးအောင် သူမဘက်ကစပြီး One ကို အဆုံးသတ် ပေး၍ရသည်။ သို့သော် One ၏ တွန့်ဆုတ်နေခြင်းကိုကြည့်ပြီး သူမ မလုပ်ချင်။ Miles က ထိုတစ်ညအကြောင်းကို သတိမေ့နေကြောင်းလည်း သူမ ရိပ်မိသည်။ One က အကြောင်းပြချက်တို့ဖြင့် ရင်မဆိုင်ရဲသေးသည်ကို သိနေသည်မို့ သူမ ဘက်က စပြီးအရာအားလုံး ငြိမ်းချမ်းပါစေလည်း မလုပ်ပေးနိုင်။

ခက်ခဲတဲ့လမ်းကို ရွေးချယ်မယ်ဆိုရင် ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုချရဲတဲ့ သတ္တိလေးတော့ ရှိရမှာပေါ့…။

ဘယ်လောက်အချိန်ကြာကြာ One အနားတွင်ရှိနေပြီး စောင့်နေပေး၍ ရပါသော်လည်း Emmy ထံတစ်ယောက်ယောက် မရောက်လာနိုင်ဘူးဟု မည်သူ မျှ သူမကို အာမမခံနိုင်။ ထို့ကြောင့် One ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ချက်ချနိုင်ဖို့ အတွက် သူမ တွန်းအားပေးရတော့သည်။

သူမတို့အကြားရှိ အရာအားလုံးပြီးဆုံးသွားလျှင်တော့ Miles ကို သူမ တောင်းပန်ပါဦးမည်။ သူမကြောင့် စိတ်ထိခိုက်ခဲ့ရသည်မို့။

မျက်လွှာချလိုက်တော့ လမ်းတွင်ကားတို့မှာ သွားလာနေကြသေးဆဲ။ တစ်စီးပြီးတစ်စီး အရှိန်နှုန်းကိုယ်စီဖြင့် သွားလာနေကြသည့် လမ်းမထက်ရှိကား များကိုသာ Joy တိတ်ဆိတ်စွာငေးကြည့်နေလိုက်ခဲ့သည်။

ကိစ္စအားလုံးက သိပ်မကြာခင်မှာ ပြီးသွားလိမ့်မယ်လို့ထင်ပါတယ်…။ ဘာကြောင့်ဆို သူတို့က သူတို့တွေအကြားမှာ ရှိနေတဲ့ခံစားချက်တွေကို သိသွား ခဲ့ကြပြီ မဟုတ်လေလား။

One သည် တစ်အိမ်လုံးကို မီးအမှောင်ချပြီး အိပ်ရာပေါ်တွင် ပက်လက် လှဲရင်း မျက်နှာကျက်ကို စိုက်ကြည့်နေ၏။ Miles ပြောခဲ့သည့် စကားလုံးတို့က သူ့နားထဲမှ မထွက်သေး။ ကလပ်ကို Miles ပြန်သွားချိန်က မလိုက်ဘဲ အိမ်ကိုပဲ သူ ပြန်လာခဲ့ခြင်းမှာ လိုက်သွားမိပါက ယခုတစ်ခေါက်ဆို Two ကို သူ တစ်ခုခု လုပ်မိမည်စိုး၍သာ။

Miles ၏ နှလုံးသားတစ်ခုလုံးကို အမာရွတ်ဖြစ်နေစေသည့် ဒဏ်ရာတို့ အကြောင်းတွေးတိုင်း သူ့စိတ်ထဲ နာကျင်ရသည်။

အနီးဆုံးတွင် သူဟာ ရှိနေခဲ့ပါလျက်…။

စတွေ့ကတည်းက Miles က သူ့အတွက်ထူးခြားသူတစ်ဦးဖြစ်ခဲ့သည်။ အားလုံးထဲတွင် Miles ကိုသာ သူ အရင်ဆုံးမြင်ခဲ့ခြင်းဖြစ်၏။ ထိုကောင်လေး၏ အရယ်အပြုံးနှင့် အပြုအမူတိုင်းတွင် သူ အာရုံစိုက်ဖြစ်ခဲ့သည်။ ထိုအရာအားလုံး ကို အုပ်စုထဲတွင် အားလုံးထက်ပိုပြီး Miles ကို ပိုခင်တွယ်ခဲ့ခြင်းကြောင့်ဟုသာ သူ ထင်ခဲ့ခြင်းဖြစ်သည်။

ခံစားချက်တွေကိုသာ စောစီးစွာ ရိပ်မိခဲ့ပါလျှင်…။ အနီးအနားမှာ ရှိနေ သူလေးကို သူဟာကောင်းကောင်းကာကွယ်နိုင်ခဲ့ပါမည်လား…။ လမ်းခုလတ်၌ တွဲလက်တို့ ဖြုတ်ချခံရခြင်းမှ ကင်းဝေးအောင် သူ ပြုလုပ်ပေးနိုင်လောက်လား။

တွေးလေ One ပိုပြီး စိတ်ရှုပ်လာလေပင်။ သူ့ကိုယ်သူလည်း အားမလို အားမရဖြစ်မိလာတော့သည်။ Miles က သူတို့ကြားတစ်ညကို မေ့သွားချိန်တွင် သတိရသွားဖို့ကို ကြိုးစားမည်ဟု သူ့ကိုယ်သူပြောနေသော်လည်း သူ မကြိုးစား ခဲ့။ ထိုမကြိုးစားခြင်းက သူ့စိတ်၏ တစ်ထောင့်တစ်နေရာတွင် ယုံကြည်ချက်မရှိ သဖြင့်ဆိုသည်ကို သူ့ကိုယ်သူ အသိဆုံးပင်။

တွန့်ဆုတ်နေ၍ မရတော့ကြောင်းကို Two က Miles အနားပေါ်လာ တော့မှသာ သူ့ကိုယ်သူ သိရှိခဲ့ရခြင်းဖြစ်သည်။ Miles အပေါ်ရှိ ခံစားချက်တို့က ပေါ့ပျက်ပျက်မဟုတ်နေ။ လေးနက်ပြီး အဆုံးထိလက်တို့ကိုမြဲမြံစွာတွဲထားချင် သည့် ခံစားချက်မျိုးဖြစ်သည်။ Miles ကဆန္ဒရှိလျှင်ဟု သူ တွေးနေ၍မရတော့။ Miles က သူ့ကိုယုံကြည်ဖို့အတွက် သူ သတ္တိရှိဖို့ လိုလာချေပြီ။

ထိုအချိန်တွင် ဘေးတွင်သည်အတိုင်းပစ်ချထားသော ဖုန်းမျက်နှာပြင် မှာ လင်းလာပေ၏။ ဖုန်းကို One ကောက်ယူလိုက်ချိန်တွင် Ryan ၏အသိပေး အကြောင်းကြားခြင်းကို တွေ့လိုက်ရလေသည်။

Ryan ပို့ထားသည့် စာတိုလေးက Miles ၏ မွေးနေ့ရောက်တော့မှသာ သူတို့ ပြန်တွေ့ရအောင် ဟူ၍။

Previous Table of Contents

Zawgyi

အပိုင္း – ၂၈ ။ ခဏတာခြဲခြာ

“Miles…”

ဟိုတယ္ျပန္ေရာက္ၿပီး ေရမိုးခ်ိဳးအဝတ္လဲၿပီး ထြက္လာသည့္ Miles ကို Ryan က လွမ္းေခၚလိုက္၏။ ဤညတြင္ ျဖစ္ပ်က္ခဲ့သမွ်ကို လ်စ္လ်ဴရႈခ်င္ေသာ္ လည္းမျဖစ္ႏိုင္ေတာ့ဟု Miles ေတြးလိုက္သည္။ ထို႔ေၾကာင့္ ေခါင္းသုတ္ပုဝါျဖင့္ ေခါင္းသုတ္ရင္းျဖင့္ သူ႔ခုတင္ေပၚတြင္ ထိုင္လိုက္ၿပီး Ryan ႏွင့္မ်က္ႏွာခ်င္းဆိုင္ လိုက္ေတာ့၏။ Ryan က သူ႔ကို မည္သို႔စကားစရမလဲဆိုသည့္ မ်က္ႏွာထားမ်ိဳး ႏွင့္ မသက္မသာၾကည့္ေနခဲ့သည္။ ေခၚတုန္းကေခၚၿပီး ဘယ္လိုစကားစရမလဲ ျဖစ္ေနသည့္ Ryan ကို ၾကည့္ၿပီး Miles ေလပူသာမႈတ္ထုတ္လိုက္ေတာ့သည္။

“ငါနဲ႔One ကိစၥကို မင္း ေမးမလို႔လား”

“အင္း…”

သူ စကားစေတာ့မွပဲ Ryan က ေခါင္းညိတ္ျပ၏။

“ဘာေတြျဖစ္လာမလဲ… ငါလဲမသိဘူး”

Miles အမွန္အတိုင္းသာ ေျပာလိုက္သည္။

“ငါတို႔အားလုံးအၿမဲတမ္းအတူတူ ရွိခ်င္ပါတယ္… ဒါေပမဲ့ အခုေတာ့ ဘာေတြဆက္ျဖစ္ၾကမလဲဆိုတာကို ငါတကယ္မသိဘူး…”

လူေတြ၏ ဆက္ဆံေရးမ်ားက ရႈပ္ေထြးလြန္းသည္မို႔ One က သတၱိရွိစြာ ျဖင့္ သူ႔လက္ကိုတြဲၿပီး ရင္ဆိုင္မည္ဆိုလွ်င္ေတာင္မွ သူတို႔ဘာဆက္ျဖစ္ၾကမလဲ ဆိုသည္ကို Miles မေျပာတတ္ပါေပ။

One က သူ႔ကိုလက္ကမ္းလာခဲ့လွ်င္ သူ ဘာလုပ္ရမလဲ…။

Miles ရင္ေမာစြာေတြး၏။ One လက္ကိုျပန္မတြဲရဲသည္ေတာ့ မဟုတ္ ပါေပ။ လမ္းခုလတ္တြင္ One လက္တြဲျဖဳတ္သြားမည္ကို သူေၾကာက္ေနျခင္း သာျဖစ္၏။

One က အဆုံးထိ သူနဲ႔အတူတူ ရွိလိမ့္မယ္လို႔ သူ မယုံၾကည္ရဲဘူး…။ ဒီလိုမယုံၾကည္တာက One ကိုမွ မဟုတ္ပါဘူး…။ ဘယ္သူ႔ကိုမွ သူ မယုံၾကည္ရဲ ေတာ့တာပါ…။ ယုံၾကည္ေမွ်ာ္လင့္ျခင္းေၾကာင့္ ရလာတဲ့ ဒဏ္ရာေတြက မ်ားေန ခဲ့ၿပီမို႔…။

ဘာဆက္ျဖစ္မလဲမသိဟု အေျဖေပးၿပီး ၿငိမ္သက္ေနသည့္ Miles ကို Ryan တိတ္ဆိတ္စြာသာ ၾကည့္ေနလိုက္သည္။ အခ်ိန္တေအာင့္ၾကာေတာ့မွ သူ သက္ျပင္းရႈိက္ကာ ထိုင္ေနရာမွထရပ္လိုက္၏။ Miles ပခုံးေလးကို အားေပးဟန္ ျဖင့္ဖ်စ္ဆုပ္ကိုင္လိုက္ေတာ့ Miles က မ်က္လႊာခ်ေခါင္းငုံ႔ၿပီး တစ္ခုခုကို စဥ္းစား ေနရာမွ သူ႔ကိုေမာ့ၾကည့္လာသည္။ Ryan အားေပးႏွစ္သိမ့္သည့္ အၿပဳံးမ်ိဳးျဖင့္ Miles ကို ၿပဳံးျပလိုက္ၿပီးေနာက္…

“ဘာပဲျဖစ္ျဖစ္ ငါတို႔ေတြက အၿမဲတမ္းသူငယ္ခ်င္းေတြ ျဖစ္ေနဦးမွာပါ ဘာပဲျဖစ္လာျဖစ္လာ… စစခ်င္းမွာ နည္းနည္းေလးေတာ့ ကေမာက္ကမ ျဖစ္ သြားႏိုင္ၾကေပမဲ့ၿပီးရင္ဒါကလဲ ၿပီးဆုံးသြားမွာပါ… ငါတို႔ဒါကိုေက်ာ္ျဖတ္သြားၾက ဦးမွာပါ…”

“အင္း… မင္းေျပာသလို ငါတို႔အၿမဲတမ္း အတူထပ္ရွိေနဖို႔ကိုပဲ ငါေမွ်ာ္ လင့္ပါတယ္…”

“အင္း… မင္းလဲ ပင္ပန္းေနၿပီဆို‌ေတာ့ နားလိုက္ေတာ့… ငါတို႔ေတြရက္ နည္းနည္းေလာက္ နားလိုက္ၾကမယ္ေလ…”

“အင္း… အဲဒါပိုေကာင္းတယ္…”

သူတို႔ ႏွစ္ရက္သုံးရက္ေလာက္ အျပင္မထြက္တာ ေကာင္းလိမ့္မယ္…။ One ကို ရင္မဆိုင္ရေတာ့ဘူးေပါ့…။ ျဖစ္ရပ္ေတြက ပူေႏြးေနတုန္းမွာ သူတို႔ေတြ မေတြ႕ျဖစ္ၾကတာ ေကာင္းမယ္…။

“အင္း… သြားခ်င္လဲ ဟိုတယ္နဲ႔နီးနီးနားနားပဲ သြားၾကတာေပါ့”

“အင္း… အဲဒါေကာင္းတယ္…”

“ဒါဆို မိန္းကေလးေတြကို ငါေျပာထားလိုက္မယ္”

“အင္း…”

Ryan ႏွင့္စကားေျပာၿပီးေနာက္ ေခါင္းေရေျခာက္ေအာင္ သုတ္လိုက္ၿပီး Miles တစ္ဖက္လွည့္ကာလွဲေနလိုက္သည္။ မ်က္လုံးမမွိတ္ဘဲ နံရံကိုၾကာျမင့္စြာ စိုက္ၾကည့္ၿပီးေနာက္တြင္ သူ သက္ျပင္းရႈိက္လိုက္၏။

One ကိုသာ ျငင္းဆန္ခ်င္ေနတာ…။ One ေတာင္းဆိုတာကိုေတာ့ သူ လိုက္လုပ္မိေနတုန္းပဲ…။

ျပန္မလာခင္အခ်ိန္တုန္းကTwo ကို ကလပ္တြင္ျငင္းခဲ့သည့္အေၾကာင္း ျပန္ေတြးၿပီး Miles သက္ျပင္းေမာထပ္ရႈိက္မိျပန္သည္။

“တကယ္ပဲ ငါနဲ႔မ Try ၾကည့္ေတာ့ဘူးလား”

“ေတာင္းပန္ပါတယ္… ဒါကသင့္ေတာ္တယ္လို႔ ထင္ေပမဲ့…”

“ဟင့္အင္း မင္းေတာင္းပန္စရာမလိုပါဘူး”

Two က သူ႔ကိုနားလည္သည့္ အၿပဳံးမ်ိဳးျဖင့္ၾကည့္၏။

“အားလဲမနာပါနဲ႔ ဒါကဘာမွမဟုတ္ပါဘူး… မင္းတို႔ရဲ႕လမ္းခရီးေျဖာင့္ ျဖဴးပါေစ…”

“မင္းတို႔ရဲ႕ လမ္းခရီးေျဖာင့္ျဖဴးပါေစတဲ့လား…”

အေတြးကိုရပ္ၿပီး Miles ေရ႐ြတ္လိုက္၏။ ထို႔ေနာက္ မ်က္လုံးမ်ားကို သာ မွိတ္ခ်လိုက္ေတာ့သည္။

ဘာမွထပ္မေတြးခ်င္ေတာ့ဘူး…။ သူ ပင္ပန္းေနၿပီမို႔…။

“ဘာတဲ့လဲ”

ဖုန္းကိုငိုင္ငိုင္ေလးစိုက္ၾကည့္ေနသည့္ Emmy ကို Loey ႏွင့္ Zoey က တစ္ခုတင္တည္းတြင္ အတူလွဲေနၾကရင္း လွမ္းေမးလိုက္၏။ သူမတို႔စကားေျပာ ေနၾကစဥ္ Ryan က Emmy ကို Messenger မွ လွမ္းစကားေျပာကို ျမင္လိုက္ရ သည္မို႔ တစ္ခုခုျဖစ္၍ဆိုသည္ကို သူမတို႔ရိပ္မိၾကသည္။

ဟင္း… ဒီလူေတြက တကယ္ပါပဲ… ေျဖရွင္းဖို႔လြယ္တဲ့ကိစၥေတြကို မလို အပ္တာေတြ အမ်ားႀကီးေတြးၿပီး ခက္ခဲေနၾကတယ္…။

Loey ႏွင့္ Zoey သည္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးေတြး လိုက္ၾက၏။ ထို႔ေနာက္ သူမတို႔ Emmy ကို ျပန္ၾကည့္လိုက္ၾကသည္။

“Ryan က ဒီတစ္ရက္ႏွစ္ရက္ ငါတို႔ အေဝးႀကီးေတြ ေလွ်ာက္မသြားရင္ ေကာင္းမယ္လို႔ ေျပာတယ္…”

“အိုး…”

Loey က စိတ္မဝင္စားေတာ့သည့္ အသံမ်ိဳးျဖင့္ ေရ႐ြတ္သည္။ Zoeyက ပ်င္းရိဟန္ျဖင့္ ေခါင္းေထာင္ၾကည့္ေနရာမွ လွဲေနလိုက္ေတာ့၏။

“ငါတို႔ေတြ အဆင္ေျပၾကပါ့မလားဟင္… Miles နဲ႔ One က…”

Emmy ၏ စိတ္ရႈပ္ေနပုံက ျမင္ရခဲသည္မို႔ Loey ႏွင့္ Zoey ႏွစ္ေယာက္ သား မ်က္ခုံးပင့္လိုက္မိၾကသည္။ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီးေနာက္ သူမတို႔က တစ္ဖက္ခုတင္မွ Emmy ကို လွမ္းၾကည့္လိုက္ၾကျပန္၏။

“Joy ကိုလဲ အားနာတယ္…”

“တကယ္ေတာ့ နင္တို႔က အမ်ားႀကီးေတြ ေတြးေနတာမဟုတ္ဘူးလား”

မေျပာခ်င္ေျပာခ်င္ေလသံမ်ိဳးျဖင့္ Zoey က စကားစ၏။

“ဘာကိုလဲ”

Emmy ျပန္ေမးခ်ိန္တြင္ Zoey က ခ်က္ခ်င္းျပန္မေျဖဘဲ Loey ကိုအရင္ ၾကည့္လိုက္ေသးသည္။ Loey က လုပ္ခ်င္ရာလုပ္ ဟူသည့္ဟန္မ်ိဳးျဖင့္ ပခုံးတြန႔္ ျပေတာ့မွသာ Zoey ဆက္ေျပာေလ၏။

“တကယ္လို႔ Miles နဲ႔ One က ႀကိဳက္မယ္ဆိုလဲ ႀကိဳက္ေပါ့ သူတို႔က လူလြတ္ေတြပဲ မဟုတ္ဘူးလား One က ရည္းစားရွိတယ္ဆိုေပမဲ့လို႔ေပါ့…”

“ဒါဆို Joy ကေရာ…”

Emmy အေမးေၾကာင့္ အႁမႊာတို႔မွာတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ ၾကျပန္သည္။ ထို႔ေနာက္ ၿပိဳင္တူရယ္လိုက္မိၾက၏။

“Joy ကို စိတ္ပူေနရင္ နင္ဘာလို႔တာဝန္မယူလိုက္တာလဲ… Joy က နင့္နားဒီေလာက္ကပ္တာကို”

Loey ေျပာေတာ့ Zoey ကပါခပ္တိုးတိုးရယ္၍…

“ေအးေလ… ေအးေလ… ဖူးခက္မွာတုန္းကဆိုၾကည့္ပါလား”

Zoey စကားကို အတိုင္အေဖာက္ညီညီႏွင့္ Loey က ေထာက္ေပးေလ သည္။

“ေအးေလ…သူ႔ေကာင္ေလးက One လား နင္လားေတာင္ မသဲကြဲဘူး”

“ဟ! နင္… နင္တို႔…ဘယ္လိုေတာင္…”

“Emmy ရယ္… နင္လဲဒီေလာက္ထိ မတုံးပါဘူး… Joy က နင့္ကို စိတ္ ဝင္စားသလို ျဖစ္ေနတာကိုျမင္ေနသားနဲ႔”

ဝန္မခံခ်င္သလိုႏွင့္ အျငင္းစကားေျပာဖို႔ျပင္ေနသည့္ Emmy ကို Loey က ဆက္ေျပာလိုက္ေတာ့ Zoey က ေခါင္းသာညိတ္ျပသည္။

တစ္ဖြဲ႕လုံး၏ Evil Twins အေၾကာင္းကို ေကာင္းေကာင္းသိၿပီးသားမို႔ Emmy ေလပူသာမႈတ္ထုတ္၏။ Joy ၏ သူမကို တရင္းတႏွီးဆက္ဆံပုံက သူမ တြင္ရွိသည့္ အျခားေသာ မိန္းကေလးသူငယ္ခ်င္းမ်ားႏွင့္ မတူသည္ကို Emmy သိရွိၿပီးျဖစ္သည္။ Joy ၏အရိပ္အႁမြက္ေျပာသည့္ စကားတို႔ကိုျပန္စဥ္းစားၾကည့္ မည္ဆိုလွ်င္ Joy က One ႏွင့္ပတ္သက္သည့္ ဆက္ဆံေရးကို အေလးအနက္ မရွိေၾကာင္းကို သူမ သိႏိုင္သည္။

ထိုသို႔ေတြးမိတိုင္း ကိုယ့္ကိုယ္ကိုယ္ အျပစ္မကင္းသလို Emmy ခံစား လာရသည္။ သူတို႔ေၾကာင့္ One ႏွင့္ Joy က ယခုလိုမ်ိဳး ျဖစ္ၾကရသည္ မဟုတ္ လား။ အကယ္၍ သူတို႔သာ ဘန္ေကာက္ကို ခရီးမထြက္လာဘူးဆိုလွ်င္ ယခုလို မ်ိဳး ျဖစ္ၾကလိမ့္မည္မဟုတ္။

“Emmy ရယ္… ငါေျပာျပမယ္… နင္တို႔ေတြေၾကာင့္မဟုတ္လဲ အခ်ိန္ တန္ရင္ သူတို႔ေတြက လမ္းခြဲၾကမွာပါပဲ… သူတို႔သာ အခ်င္းခ်င္း တကယ္ခ်စ္ရင္ နင္တို႔ကို စိတ္ယိုင္စရာ မလိုဘူးမဟုတ္လား”

Loey စကားေၾကာင့္ ေတြးေတြးၿပီး စိတ္မေကာင္းျဖစ္ေနရာမွ တစ္ဖက္ ခုတင္ရွိ အႁမႊာတို႔ကို Emmy လွည့္ၾကည့္ျဖစ္၏။

တကယ္ပဲ… Loey ေျပာသလိုျဖစ္မွာလား…။

ဒီအခ်ိန္မွာ Loey ေျပာသလိုပဲ သူမ ေတြးခ်င္ပါေတာ့တယ္…။

ထိုအခ်ိန္တြင္ Emmy စိုးရိမ္ေနသည့္ Joy မွာေတာ့ ေျပာထားခဲ့သလို သူငယ္ခ်င္းတစ္ေယာက္၏ အိမ္တြင္ရွိမေနဘဲ ဟိုတယ္တြင္ေနေနခဲ့ျခင္းျဖစ္၏။ မွန္ျပတင္းအျပင္မွ ညသန္းေခါင္ ၿမိဳ႕ျပအလွကို ခပ္ေငးေငးၾကည့္ေနခဲ့သည္။

ကိစၥမ်ားလြယ္လြယ္ၿပီးေအာင္ သူမဘက္ကစၿပီး One ကို အဆုံးသတ္ ေပး၍ရသည္။ သို႔ေသာ္ One ၏ တြန႔္ဆုတ္ေနျခင္းကိုၾကည့္ၿပီး သူမ မလုပ္ခ်င္။ Miles က ထိုတစ္ညအေၾကာင္းကို သတိေမ့ေနေၾကာင္းလည္း သူမ ရိပ္မိသည္။ One က အေၾကာင္းျပခ်က္တို႔ျဖင့္ ရင္မဆိုင္ရဲေသးသည္ကို သိေနသည္မို႔ သူမ ဘက္က စၿပီးအရာအားလုံး ၿငိမ္းခ်မ္းပါေစလည္း မလုပ္ေပးႏိုင္။

ခက္ခဲတဲ့လမ္းကို ေ႐ြးခ်ယ္မယ္ဆိုရင္ ခိုင္မာတဲ့ဆုံးျဖတ္ခ်က္ကိုခ်ရဲတဲ့ သတၱိေလးေတာ့ ရွိရမွာေပါ့…။

ဘယ္ေလာက္အခ်ိန္ၾကာၾကာ One အနားတြင္ရွိေနၿပီး ေစာင့္ေနေပး၍ ရပါေသာ္လည္း Emmy ထံတစ္ေယာက္ေယာက္ မေရာက္လာႏိုင္ဘူးဟု မည္သူ မွ် သူမကို အာမမခံႏိုင္။ ထို႔ေၾကာင့္ One ကိုယ့္ကိုယ္ကိုယ္ ဆုံးျဖတ္ခ်က္ခ်ႏိုင္ဖို႔ အတြက္ သူမ တြန္းအားေပးရေတာ့သည္။

သူမတို႔အၾကားရွိ အရာအားလုံးၿပီးဆုံးသြားလွ်င္ေတာ့ Miles ကို သူမ ေတာင္းပန္ပါဦးမည္။ သူမေၾကာင့္ စိတ္ထိခိုက္ခဲ့ရသည္မို႔။

မ်က္လႊာခ်လိုက္ေတာ့ လမ္းတြင္ကားတို႔မွာ သြားလာေနၾကေသးဆဲ။ တစ္စီးၿပီးတစ္စီး အရွိန္ႏႈန္းကိုယ္စီျဖင့္ သြားလာေနၾကသည့္ လမ္းမထက္ရွိကား မ်ားကိုသာ Joy တိတ္ဆိတ္စြာေငးၾကည့္ေနလိုက္ခဲ့သည္။

ကိစၥအားလုံးက သိပ္မၾကာခင္မွာ ၿပီးသြားလိမ့္မယ္လို႔ထင္ပါတယ္…။ ဘာေၾကာင့္ဆို သူတို႔က သူတို႔ေတြအၾကားမွာ ရွိေနတဲ့ခံစားခ်က္ေတြကို သိသြား ခဲ့ၾကၿပီ မဟုတ္ေလလား။

One သည္ တစ္အိမ္လုံးကို မီးအေမွာင္ခ်ၿပီး အိပ္ရာေပၚတြင္ ပက္လက္ လွဲရင္း မ်က္ႏွာက်က္ကို စိုက္ၾကည့္ေန၏။ Miles ေျပာခဲ့သည့္ စကားလုံးတို႔က သူ႔နားထဲမွ မထြက္ေသး။ ကလပ္ကို Miles ျပန္သြားခ်ိန္က မလိုက္ဘဲ အိမ္ကိုပဲ သူ ျပန္လာခဲ့ျခင္းမွာ လိုက္သြားမိပါက ယခုတစ္ေခါက္ဆို Two ကို သူ တစ္ခုခု လုပ္မိမည္စိုး၍သာ။

Miles ၏ ႏွလုံးသားတစ္ခုလုံးကို အမာ႐ြတ္ျဖစ္ေနေစသည့္ ဒဏ္ရာတို႔ အေၾကာင္းေတြးတိုင္း သူ႔စိတ္ထဲ နာက်င္ရသည္။

အနီးဆုံးတြင္ သူဟာ ရွိေနခဲ့ပါလ်က္…။

စေတြ႕ကတည္းက Miles က သူ႔အတြက္ထူးျခားသူတစ္ဦးျဖစ္ခဲ့သည္။ အားလုံးထဲတြင္ Miles ကိုသာ သူ အရင္ဆုံးျမင္ခဲ့ျခင္းျဖစ္၏။ ထိုေကာင္ေလး၏ အရယ္အၿပဳံးႏွင့္ အျပဳအမူတိုင္းတြင္ သူ အာ႐ုံစိုက္ျဖစ္ခဲ့သည္။ ထိုအရာအားလုံး ကို အုပ္စုထဲတြင္ အားလုံးထက္ပိုၿပီး Miles ကို ပိုခင္တြယ္ခဲ့ျခင္းေၾကာင့္ဟုသာ သူ ထင္ခဲ့ျခင္းျဖစ္သည္။

ခံစားခ်က္ေတြကိုသာ ေစာစီးစြာ ရိပ္မိခဲ့ပါလွ်င္…။ အနီးအနားမွာ ရွိေန သူေလးကို သူဟာေကာင္းေကာင္းကာကြယ္ႏိုင္ခဲ့ပါမည္လား…။ လမ္းခုလတ္၌ တြဲလက္တို႔ ျဖဳတ္ခ်ခံရျခင္းမွ ကင္းေဝးေအာင္ သူ ျပဳလုပ္ေပးႏိုင္ေလာက္လား။

ေတြးေလ One ပိုၿပီး စိတ္ရႈပ္လာေလပင္။ သူ႔ကိုယ္သူလည္း အားမလို အားမရျဖစ္မိလာေတာ့သည္။ Miles က သူတို႔ၾကားတစ္ညကို ေမ့သြားခ်ိန္တြင္ သတိရသြားဖို႔ကို ႀကိဳးစားမည္ဟု သူ႔ကိုယ္သူေျပာေနေသာ္လည္း သူ မႀကိဳးစား ခဲ့။ ထိုမႀကိဳးစားျခင္းက သူ႔စိတ္၏ တစ္ေထာင့္တစ္ေနရာတြင္ ယုံၾကည္ခ်က္မရွိ သျဖင့္ဆိုသည္ကို သူ႔ကိုယ္သူ အသိဆုံးပင္။

တြန႔္ဆုတ္ေန၍ မရေတာ့ေၾကာင္းကို Two က Miles အနားေပၚလာ ေတာ့မွသာ သူ႔ကိုယ္သူ သိရွိခဲ့ရျခင္းျဖစ္သည္။ Miles အေပၚရွိ ခံစားခ်က္တို႔က ေပါ့ပ်က္ပ်က္မဟုတ္ေန။ ေလးနက္ၿပီး အဆုံးထိလက္တို႔ကိုၿမဲၿမံစြာတြဲထားခ်င္ သည့္ ခံစားခ်က္မ်ိဳးျဖစ္သည္။ Miles ကဆႏၵရွိလွ်င္ဟု သူ ေတြးေန၍မရေတာ့။ Miles က သူ႔ကိုယုံၾကည္ဖို႔အတြက္ သူ သတၱိရွိဖို႔ လိုလာေခ်ၿပီ။

ထိုအခ်ိန္တြင္ ေဘးတြင္သည္အတိုင္းပစ္ခ်ထားေသာ ဖုန္းမ်က္ႏွာျပင္ မွာ လင္းလာေပ၏။ ဖုန္းကို One ေကာက္ယူလိုက္ခ်ိန္တြင္ Ryan ၏အသိေပး အေၾကာင္းၾကားျခင္းကို ေတြ႕လိုက္ရေလသည္။

Ryan ပို႔ထားသည့္ စာတိုေလးက Miles ၏ ေမြးေန႔ေရာက္ေတာ့မွသာ သူတို႔ ျပန္ေတြ႕ရေအာင္ ဟူ၍။

Previous Table of Contents